Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၇၈၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဇွန် ၂ ရက်၌ ငွေကျပ် ၁၇၈၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရွှေကူမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ဗန်းမော်-မန္တလေး သွားကား လမ်းပေါ်တွင် မဘိမ်းမြို့နယ်ဘက်မှ တောလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၁၀၀ ပြား(ဒေသကာလပေါက်ဈေးတန် ဖိုးငွေကျပ် ၁၀၈၃ သိန်း)နှင့် ဆိုင်ကယ်နောက်ဖင်ထိုင်ခုံပေါ်တွင် တင်ဆောင်လာသော သံသေတ္တာရေခဲချောင်းပုံး အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူစုစုပေါင်းအလေးချိန် ၈၈၂ ဂရမ်(ဒေသကာလပေါက် ဈးတန်ဖိုးငွေကျပ် ၇၀၅.၆ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ရွှေကူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.