ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မတ်လ ၁၄ ရက်(ဆင်ဟွာ) မြန်မာ့ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများအား အရည်အသွေးမြှင့် ဒီဇိုင်း လက်ရာများဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ထိုးဖောက်ဝင်ရောက်နိုင်ရေး အပါအဝင် ရည်ရွယ်ချက် ငါးမျိုးဖြင့်် ပြုလုပ်သော ဒုတိယ အကြိမ်မြောက် အာရှဒေသတွင်း ကျောက်စိမ်း ထိပ်သီး ဆွေးနွေးပွဲကို နေပြည်တော်...
နေပြည်တော် မတ်လ ၁၃ ရက်(ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း ပိုမို လုံခြုံရေးအတွက် ကမ်းခြေစောင့် တပ်ဖွဲ့ဖွဲ့စည်း တာဝန် ပေးအပ်ရန် စီစဉ်ဆေင်ရွက်လျက်ရှိသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယနေ့ ပြောခဲ့သည်။
ရန်ကုန်၊ မတ် ၁၃ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၇၅၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ငွေကျပ် ၆၈၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၄၃,၄၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ယခုနှစ် နိုဝင်ဘာလတွင် ရက်ပေါင်း ၁၄ ရက်ခန့် ကောက်ယူမည် ဖြစ်ပြီး ခရိုင် အဆင့် ကိုယ်စား ပြုသော အညွှန်းကိန်းများ ရရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နမူနာ ကောက်ကွက် ပေါင်း ၄,၃၀၀...
နေပြည်တော်၊မတ်လ ၁၂ ရက်(ဆင်ဟွာ) အမျိုးသား အဆင့် စားသုံးသူ အခွင့်အရေး လှုပ်ရှားမှုကို ရက်သတ္တ ခြောက်ပတ်ကြာ ဆောင်ရွက် သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်က ယနေ့ နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အား ယနေ့ မှ စ၍ တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၁ ရက်(ဆင်ဟွာ) ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် ဆုံးဖြတ်ချက် ချထားကြောင်း RCSS ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက ယနေ့ ပြောကြား သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူူူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။