Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၁၀၀ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၁၀၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၂၅ ရက်၊ ၀၃းဝဝနာရီတွင် ် မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာ တပ်နယ်စခန်းရှေ့၌ တပ်မတော်သားများက မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မာဂမ် မောင်းနှင်ပြီး မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာနေ ဒေါ်ထု ၄၀ နှစ် စီးနင်းလိုက်ပါလာသည့်မော်တော်ဆိုင်ကယ်သည် ရပ်တန့်ခြင်းမရှိဘဲမောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက်ဆိုက်ကယ်မှာ တိမ်းမှောက်ပြီး မာဂမ်မှာ ထွက်ပြေးတိမ်း ရှောင်သွားသဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ပီနံအိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁) ဗန်းမော်သို့ လွှဲပြောင်းပေးအပ် သဖြင့် မံစီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117