Connect with us

Politics, Law & Military

တက္ကသိုလ်/ကောလိပ် ၁၄ ခုမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂၀၁၉ ဖွင့်လှစ်မည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးအား တွေ့ ရစဉ်(ဓာတ်ပုံ- ACC Myanmar)

ရန်ကုန် ၊ မေ ၂၈ ရက်(ဆင်ဟွာ)

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ နည်းပညာ အကူအညီဖြင့် ”ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉ (Youth Integrity Camp 2019) အား ပညာရေး ဝန်ကြီးဌာန လက်အောက် ရှိ တက္ကသိုလ်/ကောလိပ် ၁၄ ခုမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၂ ဦးဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်ထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များအကြားတွင် ဖြောင့်မတ် တည်ကြည်မှု မြင့်မား တိုးတက် လာစေရန် ရည်ရွယ်၍ နေပြည်တော် သင်္ဂဟဟိုတယ်၌ ဇွန် ၃ ရက်မှ ဇွန် ၇ ရက် အထိ ငါးရက်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် အဂတိလိုက်စားမှုနှင့် သဘောသဘာ၀ များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ပြည်တွင်းပြည်ပ ပညာရှင်များက ဆွေးနွေး ပို့ချ မည်ဖြစ်ပြီး ပြည်ပနိုင်ငံမှ လူငယ်အဖွဲ့ တစ်ဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိ အမြင်များကို ဖလှယ်ကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.