Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ် ၁၉,၅၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မေ ၂၆ ရက်တွင် ကျပ် ၁၉,၅၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့၊ ကညင်တန်းရပ်ကွက်၊ မီးသတ်လမ်းဆုံတွင် သတင်းအရ CRV အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံရှာဖွေရာ မောင်တောမြို့၊ ရပ်ကွက်(၂)၊ မီးစက်လမ်းကြားတွင် ၎င်းမော်တော်ယာဉ်ကိုတွေ့ရှိရပြီး စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ကွင်းဆက် ဖော်ထုတ်ချက်အရ မေ ၂၇ ရက်တွင် အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.