Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ နှင့် ဟန်ဂေရီ နိုင်ငံ များသို့ သွားရောက်မည်

ဧပြီလ အတွင်း ပြည်ပ ခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ ရစဉ်(ဓာတ်ပုံ - myanmar state counsellor office)

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ နှင့် ဟန်ဂေရီ နိုင်ငံ များသို့မကြာမီ ကာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ် ၏ ဖိတ်ကြား ချက် အရ ချက်သမ္မတနိုင်ငံသို့တရားဝင် ခရီးစဉ် သွားရောက်မည် ဖြစ်သည်။ချက်သမ္မတနိုင်ငံခရီးစဉ်အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘော ခရီးစဉ် ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)