ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ် အတွင်း ကျပ်သိန်းပေါင်း ၆ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား လူနေထိုင်ခြင်းမရှိသည့် တောင်ယာတဲအတွင်းမှ သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ လုပ်ကွက် တစ်ခု အတွင်း ဖေဖော်ဝါရီ ၈ ရက်တွင် မြေစာများ ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို လက်ခံဆောင်ရွက်လျက် ရှိရာ လျှောက်ထားသူ ၅၈၂ ဦးရှိပြီး ၄၈၀ ကို ခွင့်ပြု ပေးခဲ့ကြောင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဖျက်သိမ်းမှု မပြုသရွေ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တည်တံ့နေမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် အမျိုးသား...
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာကျိန်ရေး အဆိုကို အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးက ဆွေးနွေးခြင်း၊ လွှတ်တော်၏ သဘောထား ရယူခြင်းတို့ ဆောင်ရွက်ပြီး အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသော ဘော်ဒါဆောင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျရောက်သော (၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် ပင်လုံမြေမှပြည်ထောင်စုအိပ်မက် အကောင်အထည်ဖော်ကြရန် အထူးလိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရဲတပ်ဖွဲ့နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးနှင့် စင်ကာပူရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စင်ကာပူနိုင်ငံရှိ ငွေလဲ ကောင်တာ ၁၈ ခုတို့အား ဝင်ရောက်ရှာဖွေခဲ့ရာ မြန်မာငွေ တစ်သောင်းတန် ငွေစက္ကူအတု ၅၅၀၀ ရွက် သိမ်းဆည်းရမိ၍ စင်ကာပူနိုင်ငံတွင် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ စင်ကာပူ နိုင်ငံသား...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင်သူများကို နိုင်ငံတကာကဲ့သို့ နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်မှုမရှိသော်လည်း တရားမဝင် ဝင်ရောက်နေကြောင်း စိစစ်တွေ့ရှိချက်များအပေါ် နေ့စဉ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ လုပ်ငန်းများ မဆောင်ရွက်နိုင်သောကြောင့် ပြန်လည် အပ်နှံငွေ ကျပ် သန်း ငါးရာကျော် ရှိကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ယနေ့ ပြည်ထောင်စု လွှတ်တော်...