Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ကျပ်သိန်း ၉,၀၀၀ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အင်းတော်၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ဧပြီ ၁၇ရက် ည ၉နာရီခွဲ၌ မန္တလေး- မြစ်ကြီးနားသွားလမ်း၊ နဘား လမ်းခွဲတွင် ကျပ်သိန်း ၉,၀၀၀ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော VIGOအနက်ရောင် နှစ်ခန်းတွဲ ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ရှေ့ခန်းနှင့်နောက်ခန်းကြမ်းခင်း အံခွက်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျက် ရောင်စုံဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူအမှုန့် (၁၀)ဂရမ်ခန့် စီပါ ဆပ်ပြာခွက်(၆၆၀)ခွက်၊ စုစုပေါင်းအလေးချိန်(၆၆၀၀)ဂရမ်၊ စုစုပေါင်း တန်ဖိုး ကျပ်သိန်း (၆၆၀၀)နှင့် အပြာရောင်ကပ်ခွာအိတ်အတွင်းထည့်လျက် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင်(၂၀၀)ပြားစီပါ (၃၀၀)ထုပ်၊ စုစုပေါင်းဆေးပြား(၆၀၀၀၀)ပြား၊ စုစုပေါင်း တန်ဖိုး ကျပ်သိန်း (၃၀၀၀)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူ ဇော်မင်းဦး(ခ)ဇော်မင်းအား အင်းတော် မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.