Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြား

 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ တူညီသောဆန္ဒဖြစ်သည့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် ဦးတည်လျှောက်လှမ်းရာ၌ ဥပဒေပြု ကဏ္ဍမှ လွှတ်တော်များအနေဖြင့် ပြည်သူသည်သာ အခရာဖြစ်၍ ပြည်သူ့အသံကို အစဉ်နားစွင့်ရင်း ပြည်သူများ၏ လိုအပ်ချက်နှင့်ဆန္ဒကို သိနိုင်အောင် အမြဲကြိုးစားကာ လူမှုစီးပွားဘဝများ တိုးတက်စေရန် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်ရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော လွှတ်တော်များဖြစ်စေရေး အစွမ်းကုန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ကတိပြု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားစဉ် (ဓာတ်ပုံ-MOI)

“ယနေ့အချိန်အခါဟာ နှစ်ဟောင်းမှသည် နှစ်သစ်သို့ ကူးပြောင်းတဲ့ကာလ ဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ပြည်သူဗဟိုပြု ဒီမိုကရေစီစနစ် ပိုမိုထွန်းကားလာအောင် ခေတ်စနစ်နှင့်လျော်ညီခြင်း မရှိတဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နေသလို ပြည်သူတွေရဲ့အကျိုး စီးပွားဖြစ်ထွန်းစေမယ့် အခြေခံလူ့အခွင့်အရေးများကို အကာအကွယ်ပေးမယ့် ဥပဒေများကိုလည်း ပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဲဆန္ဒနယ်မြေများအလိုက် ဒေသဖွံ့ ဖြိုးရေး ကိစ္စရပ်များ ကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လည်းဆိုသည်။

ပြည်သူများအနေနှင့်လည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် မိမိတို့ လွှတ်တော်နှင့်အတူ ပူးပေါင်းပါဝင်ကြရန် ၎င်းက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.