Connect with us

Politics, Law & Military

မူဆယ်မြို့တွင် ကျပ် ၁၁၅၆ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်မြို့တွင် ဖမ်းဆီးရမိသော ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဧပြီ ၁၇ ရက် ညပိုင်းတွင် ကျပ် ၁၁၅၆ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ မူဆယ်မြို့၊ ပန်ခမ်းကျေးရွာရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သော ပလတ်စတစ်ပေပါ ၂ဝ လုံး ဖြင့်ထည့်ထားသည့် စုစုပေါင်း ဟိုက်ဒရိုကလိုရစ်အက်စစ် ၃၂ဝဝ လီတာ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၆ သိန်း)နှင့် သံပေပါ ၄၅ လုံးဖြင့်ထည့်ထားသည့် အီသိုင်းအီသာ ၇၂ဝဝ လီတာ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၉ဝဝ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနေအိမ်ရှိသူကို ဆက်လက်စစ်ဆေးရာ အဆိုပါနေအိမ်ဂိုဒေါင်အတွင်းရှိ သံမွှေအိုး ၃ လုံးအား မန္တလေးမြို့၊ ၈၆ လမ်း၊ ၂၆ x ၂၇ လမ်း ထောင့်နေ အောင်ဆန်း(ခ)ရမ်ဆန်း ၂ဝ နှစ်မောင်းနှင်ပြီး မန္တလေးမြို့၊ သိုးခြံရပ်ကွက်နေ ကျော်ကျော်(ခ)အလီ ၂၁ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်တွင် သံမွှေအိုးကြီး ၁ လုံးအား လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း ကျေးရွာနေ အောင်ကိုကိုဦး(ခ)ရှဖီး ၂၉ နှစ်မောင်းနှင်သည့် မော်တော်ယာဉ်ပေါ်တွင် သံမွှေအိုးကြီး ၂ လုံးတို့အား လည်းကောင်း၊ တင်ဆောင်၍ လားရှိုးမြို့ဘက်သို့ မောင်းနှင်ထွက်ခွာသွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါမော်တော်ယာဉ် ၂ စီးအား မူဆယ်မြို့နယ်၊ ဖိုင်ကျောင်းကျေးရွာလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ် ၂ စီးပေါ်မှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် သံမွှေအိုးကြီး ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117