Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် တပ်မတော်က ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်း

တပ်မတော်က ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်အားတွေ့ရစဉ်(တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ဘဂါၤလီ အကြမ်းဖက်သမားများ၏ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်က ဥပဒေအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် သောင်းနိုင် ဒုတိယစစ်ဥပဒေချုပ်က တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်မှူးကြီး မြင့်သိန်း လက်ထောက်စစ်ဥပဒေချုပ်၊ ဗိုလ်မှူး မြင့်ဆန်း ဒုတိယလက်ထောက်စစ်ဥပဒေချုပ်၊ဗိုလ်ကြီး ကျော်ကျော်လင်း ဒုတိယလက်ထောက်စစ်ဥပဒေချုပ်(ဗိုလ်ကြီး) နှင့် ဗိုလ်ကြီး ဒေါ်သဇင်ဆွေ စစ်ဥပဒေအရာရှိ တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယင်းအဖွဲ့၏ တာဝန်များသည် မည်သည့်သက်သေများကို စစ်မေးသင့်ကြောင်း အကြံပေးရန်၊ မည်သည့်သက်သေခံ အထောက်အထားများ ရယူသင့်ကြောင်း အကြံပေးရန်၊

မည်သည့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးသင့်ကြောင်း အကြံပေးရန်၊သက်သေများကို စစ်မေးရာတွင် ကွင်းဆက်မပြတ်စေရေး လိုအပ်သည့် အကြံပေးရန်နှင့် အခြားဥပဒေအကြောင်းဆိုင်ရာ လိုအပ်သည့် အကြံများပေးရန်တို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်နည်းဥပဒေများအရ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစတင်၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးခုံရုံးက စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ တာဝန်ပေးချက်အရ လိုအပ်သည့် သက်သေခံအချက်အလက်များ စုဆောင်းခြင်းဆိုင်ရာများ ၊ ဥပဒေကြောင်းဆိုင်ရာများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများကို အကြံပေးနိုင်ရန် ဥပဒေအကြံပေးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.