Connect with us

Politics, Law & Military

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အစည်းအဝေး၌ အုပ်ချုပ်ရေးကဏ္ဍအား ဆွေးနွေး

ပူးပေါင်းကော်မတီဝင်များ အစည်းအဝေးတက်ရောက်ရန် လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အစည်းအဝေးများကို ဒုတိယအကြိမ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်း အဝေးများ ပြန် မစမီ ရက်သတ္တ တစ်ပတ် စောပြီး ယနေ့(ဧပြီ ၂၂ ရက်)တွင် ပြည်ထောင်စု လွှတ်တော် ဒီ(D) ဆောင်၊ အစည်းအဝေးခန်းမ၌ ပြန်လည် စတင်ခဲ့ ရာ ၎င်းဥပဒေ၏ အုပ်ချုပ်ရေး ကဏ္ဍဖြစ်သော အခန်း(၅) ကို ဆွေးနွေးကြသည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အုပ်ချုပ်ရေး ကဏ္ဍဖြစ်သော အခန်း(၅)တွင် ပုဒ်မ ၁၉၉ (က)မှ ပုဒ်မ ၂၉၂ အထိ ပါဝင်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ဖွဲ့စည်းခြင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖွဲ့စည်းခြင်း၊ နိုင်ငံတော် သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ပြည်ထောင်စု အစိုးရ၏ အုပ်ချုပ်မှု အခွင့်အာဏာ၊ ဘဏ္ဍာရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ ဘဏ္ဍာရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည့် အခွန်အခများ၊ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်း၊ ပြည်ထောင်စု ရှေ့နေချုပ် နှင့် ဒုတိယ ရှေ့နေချုပ် ခန့်အပ် တာဝန်ပေးခြင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယ စာရင်းစစ်ချုပ် ခန့်အပ် တာဝန်ပေးခြင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း နှင့် ၎င်းတို့၏ အခွင့် အာဏာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ် တာဝန်ပေးခြင်း၊ နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်းနှင့် နေပြည်တော် ကောင်စီဥက္ကဌ ခန့်အပ်တာဝန်ပေးခြင်း စသည့် အကြောင်းအရာများ ပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ စတင် ဖွဲ့စည်းအပြီး ကျောင်းကုန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုး ပါတီဝင် ဦးသိန်းထွန်း က ပြည်ထောင်စု လွှတ်တော်သို့ ဦးစွာ တင်သွင်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဥပဒေကြမ်း ဖြစ်သည့် “ပုဒ်မ၂၆၁(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ် တာဝန်ပေးခြင်း” ဆိုင်ရာ ပြင်ဆင်ချက်များသည် ယနေ့ ပူးပေါင်းကော်မတီက ဆွေးနွေးသည့် အခန်း(၅)တွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ယနေ့ အစည်းအဝေးသို့တက်ရောက်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဝင် ၄၅ ဦးရှိသည့်အနက် ကိုယ်စား လှယ် လေးဦး တက်ရောက်နိုင်ခြင်းမရှိဘဲ ခွင့်တင်ခဲ့ကြပြီး ကျန် ၄၁ ဦးဖြင့် ကျင်းပခဲ့ကြောင်း သိရ သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117