နေပြည်တော်၊ မေလ ၃၁ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ပြည်သူ့ဝန်ထမ်း ၄၅၀၀ ကျော်တို့အား ရွေးချယ်ပေးနိုင်ခဲ့သည်ဟု ၎င်းအဖွဲ့ဝင် ဦးစော ဗယ်လင်တိုင်းက ယနေ့ညနေ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံစက်မှုဇုန်တွင် ပထမဦးဆုံးဝန်ဆောင်မှုအနေဖြင့် ဌာနဆိုင်ရာ ၆ ခုပါဝင်သော တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် One Stop Service ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
နေပြည်တော်၊ မေ ၃၁ ရက် (ဆင်ဟွာ) ယနေ့ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဠမပုံမှန်အစည်းအဝေး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား အတည်ပြုခန့်အပ် လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု အပိုင်း၌ ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်မှုများသည် ပြည်တွင်း/ ပြည်ပတွင် မြင့်တက်လာကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားသည်။
နေပြည်တော်၊ မေ ၃၀ ရက် (ဆင်ဟွာ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) အပေါ် မသမာသော နည်းအမျိုးမျိုးဖြင့် ဆောင်ရွက် ထားရှိမှုများ ပေါ်ပေါက်လျှင် ထိရောက်စွာ အရေးယူမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော် ယနေ့...
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်။ မေ ၂၉ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) အခွန်ထမ်းပြည်သူများ အနေဖြင့် မည်သည့် ဘဏ်မှမဆို အွန်လိုင်း မှ အခွန်ပေးဆောင်ခြင်းအား ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ဗဟိုဘဏ်က စတင် ဆောင်ရွက်လျက်၇ှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကရှင်းလင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ဒုတိယ တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သည့် သဘာ၀ ဘေးအန္တရာယ်များ ကျ ရောက် ချိန်တိုင်းတွင် တပ်မတော်သည် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်...
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) အသက် ၁၈ နှစ် မပြည့်သေးသော စစ်သည် ၆၇ ဦးတို့အား မိဘ အုပ်ထိန်းသူများထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။