ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ၌ ကဏ္ဍကြီး ၇ခုအတွက် ကျပ် ၄၂သန်းကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ပန်ဝကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာအနီးတွင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်သူအား နိုင်ငံတော် သမ္မတက ယနေ့ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးဧ၊် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း မေ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျပ် သိန်း ၇၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော် ၊ မေ ၂၈ ရက် (ဆင်ဟွာ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးစိုးဝင်းအား ခန့်အပ် တာဝန်ပေးရန် နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားကြောင်း ယနေ့မေ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အသိပေး တင်ပြခဲ့သည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်နေထိုင်လိုခြင်း မရှိသော နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ သဘော ဆန္ဒဖြင့် ယခု ကာလ အတွင်း ၎င်းတို့အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်၊ နမ့်စန်မြို့နယ်၌ ငွေကျပ် သိန်း ပေါင်း ၉,၆၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အား ပြည်ထောင်စုဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ မေလ ၂၅ ရက် (ဆင်ဟွာ) ပုဂ္ဂလိက မီဒီယာများ တောင်းဆိုနေသည့် သတင်းအချက်အလက်များ ပိုမို ရရှိရေးနှင့် လွတ်လပ်စွာ ရေးသားခွင့်များကို ပြန်ကြားရေးဝန်ကြီးဌာနကအားပေးရန်အဆင်သင့် ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။ “စာနယ်ဇင်းများ၊ ဆိုရှယ် မီဒီယာများမှာ ဘယ်အတိုင်းအတာအထိ လွတ်လပ်စွာ ရေးသား...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ online e-visaစနစ်ဖြင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ထွက်ခွင့်ပြုခဲ့ရာ နှစ်နှစ်တာကာလအတွင်း လူခြောက်သိန်းကျော် ပြည်ဝင်ခွင့်ပြုခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၆သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ရှင်းလင်းတင်ပြချက်အရ...