Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အလုပ်သဘော ချစ်ကြည်ရေးခရီးအဖြစ် စင်ကာပူသမ္မတနိုင်ငံသို့ သွားရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူသမ္မတနိုင်ငံသို့ ထွက်ခွာစဉ် (MOFA)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေး သွားရောက်ရန်အတွက် ယနေ့ နံနက် ၈နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူသမ္မတနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.