Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ငါးရက်အတွင်း ကျပ်သိန်းပေါင်း ၄၀,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းနှင့် မိုးမိတ်မြို့နယ်အတွင်း ငါးရက်အတွင်း ကျပ်သိန်းပေါင်း ၄၀,၀၀၀ကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြို့နယ်အတွင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် သြဂုတ် ၁၄ ရက်မှ ၁၉ ရက်အထိ ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိ ခဲ့ကြောင်း ၊ သြဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာ၏ မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ တဲဟောင်း၌ နမ့်ဆန်မြို့နယ်၊ အထက် ပဒေါင်းကျေးရွာနေ ဦးစွမ်သား(ဘ)ဦးချွမ်းသားအား ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃,၄၆၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၄,၀၀၀ ပြားနှင့် 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၆,၀၀၀နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း ဖမ်းဆီးရမိမှုနှင့် ဆက်စပ်သတင်းများအရ သြဂုတ် ၁၅ ရက်တွင် မဘိမ်းမြို့၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ လူနေတဲ ၂ လုံးအနီးမှ ငွေကျပ်သိန်း ၁၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဂရမ် ၁၀၀ ၊ 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄,၅၄၀ ပြားနှင့် ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာရှိ လူနေတဲ ၂ လုံးအတွင်းမှ ငွေကျပ် ၁၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ ဂရမ်ခန့်နှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၃၄ ပြားအားလည်းကောင်း၊ သြဂုတ် ၁၇ နေ့လယ် ၁၁ နာရီခွဲခန့်တွင် မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာနေ ဦးအိုက်ထွန်း(ဘ) ဦးစံဦး၏ နေအိမ်အား သတင်းအရစစ်ဆေးစဉ် ၎င်း၏ နေအိမ်မှ ငွေကျပ် ၆၄၀,၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၂၁ ပြားအားလည်းကောင်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထပ်မံရရှိ သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေရာ သြဂုတ် ၁၈ ရက် နံနက် ၃ နာရီခွဲခန့်တွင် မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ၏ အရှေ့တောင် ဘက် ၉ မိုင်ခန့် အကွာရှိ ခြုံအတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် ငွေကျပ်သိန်းပေါင်း ၁၈,၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂,၂၀၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၈၀၀,၀၀၀ နှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၄,၀၀၀ တို့အား လည်းကောင်း၊ သြဂုတ် နံနက် ၇ နာရီခန့်နှင့် မွန်းလွဲ ၂ နာရီခန့်တို့တွင် အဆိုပါ စီပိန်း ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ အနီးတစ်ဝိုက်၌ ငွေကျပ် သိန်းပေါင်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂၁၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား အပြား ၃၀၅,၀၀၀နှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၀,၀၀၀ တို့အား လည်းကောင်း၊ ထို့ပြင် သြဂုတ် ၁၈ ရက်ညနေ ၄ နာရီခွဲခန့်တွင် စီပိန်းကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်ရှိ တဲအတွင်းမှ နမ္မတူမြို့၊ အမှတ်(၈) ရပ်ကွက်နေ ရွှေထူး(ဘ) ဦးစံလင်းအား ငွေကျပ် ၁၇၀,၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၈ ပြားနှင့်လည်းကောင်း ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိ ငွေကျပ်သိန်းပေါင်း ၄၀,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆၉၇၃ ဂရမ်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁,၆၇၉,၄၀၉ ပြားနှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၅၄,၉၇၄ ပြားတို့အား မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ရှိ ရဲစခန်းများတွင် စနစ်တကျအပ်နှံထားရှိပြီး တရားဥပဒေအရ အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.