ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်၌ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော် ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ဘတ်ဂျက် အသုံးစရိတ်ကို ကျပ် ၆၁၁ ဒသမ ၀၈ ဘီလီယံတောင်းခံခဲ့ရာ ယခင်အလားတူ ကာလထက် ကျပ် ၁၁၈ ဘီလျံကျော် လျော့နည်းပြီး တောင်းခံထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး...
နေပြည်တော် ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာများအတွက် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျပ်သန်း ၁၆၆၀ ကျော် သုံးစွဲသွားရန် လျာထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်က ယမန်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) လယ်ယာကဏ္ဍတွင် ခြောက်လအတွင်း ကျပ် ၂၉၄၂ ဘီလျံကျော်ဖို း ထုတ်လုပ်ရန် ရည်မှန်း ထားရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့ ပြည်ထောင်စု လွှတ်ေတော် အစည်းအဝေးတွင် ပြောခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက အမိန့်အမှတ်(၅/၂၀၁၈)ဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အနာဂတ်အတွက် များစွာ အကျိုးဖြစ်ထွန်းစေမည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာကို ရေးဆွဲသွားမည်ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင် ကြည် က ယနေ့ ပြောခဲ့သည်။ “နောင်နှစ်ပေါင်းများစွာအတွက်...
နေပြည်တော်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ယနေ့ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းသမားများအား ဖြေကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ကလောမြို့တွင် ငွေကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၈း၀၀ နာရီ အချိန်မှ ဇန်နဝါရီလ ၁၂ ရက်နေ့ ၁ရး၀၀ နာရီ အချိန်ထိ နာရီပေါင်း ၂၃ နာရီအတွင်း အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်သည့် မော်တော်ယာဉ် ၇၃...