Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ ဒေသန္တရလက်လုပ်မိုင်း တစ်လုံးတေ့ွရှိ

ဒေသန္တရလက်လုပ်မိုင်း တစ်လုံးအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟိုကေဒေကုန်း ကျေးရွာအနီး၌ ဖေဖော်ဝါရီ ၂၆ရက်နေ့က ဒေသန္တရလက်လုပ်မိုင်း တစ်လုံးတေ့ွရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဒေသတွင် မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ရှင်းလင်းခဲ့ရာ ၎င်းကျေးရွာ၏ အရှေ့ဘက် မီတာ ၃ဝဝ ခန့်အကွာရှိ ချုံပုတ်အတွင်း၌ ARSA အကြမ်းဖက် သမားများ စွန့်ပစ်ခဲ့သည့် အချင်း၅ လက်မ၊ အရှည် ၈ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်းဟောင်း တစ်လုံးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်း ဒေသန္တရလက်လုပ်မိုင်းအား အများပြည်သူများ အန္တရာယ် မရှိစေရေးအတွက် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.