Connect with us

Politics, Law & Military

လမ်းမီးများ ထွန်းညှိခြင်းနှင့် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းသို့တာဝန်ပေးအပ်ရန် ညှိနှိုင်းလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဒေါ်နီလာကျော် မှ ပြန်လည်ဖြေကြားနေစဉ် (ဓာတ်ပုံ--ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

လမ်းမီးများ ထွန်းညှိခြင်းနှင့် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပေး ကော်ပရေးရှင်းသို့သာ တာဝန်ပေးအပ်သွားရေး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်တို့ ညှိနှိုင်းနေကြောင်း ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဆဋ္ဌမပုံမှန် အစည်းအဝေး (နဝမနေ့)တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်၏ “ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လမ်းမီးများလင်းရေး ဆောင်ရွက်ရာတွင် YESCနှင့် YCDC ဌာန(၂)ခုတို့ လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဌာနတစ်ခုတည်းမှသာ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊မရှိ ” ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်ပတ် သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော ်စည်ပင်သာယာရေးကော်မတီက လမ်းမီးလုံး တပ်ဆင် လဲလှယ်ဖို့အတွက် မြို့နယ်အဆင့်ကို တာဝန်မပေးဘဲ စည်ပင်သာယာရေးကော်မတီမှသာ တာဝန်ယူ ဆောင်ရွက်ပေးရတဲ့ အတွက် မြို့နယ်မှ ခရိုင်၊ ခရိုင်မှစည်ပင်သာယာရေး ကော်မတီသို့ အဆင့်ဆင့် တင်ပြနေရတဲ့အတွက် ဒါတွေဟာ ကြန့်ကြာနေတာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ကြီးနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ ညှိနှိုင်း ပြီးတော့ လမ်းမီးထွန်းညှိခြင်း လုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အားပေး ကော်ပရေးရှင်းသို့သာ တာဝန်ပေးအပ်သွားရေး အတွက် ညှိနှိုင်းနေကြပါတယ်၊ ညှိနှိုင်းဆဲဖြစ်ပါတယ်။ အခုလတ်တလောမှာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ နေပြီးတော့ မြို့နယ်အဆင့် စည်ပင်သာယာရေးကို လမ်းမီးများ လဲလှယ်တပ်ဆင်ဖို့အတွက်ကို တာဝန်ပေးအပ်ပေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုဝန်ကြီးက ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လမ်းမီးများနှင့် ပတ်သက်ပြီး လမ်းမီးကြိုးသွယ်တန်းခြင်း၊ လမ်းမီးများ လျှပ်စစ်ဓာတ်အားပေးခြင်းနှင့် ဓာတ်တိုင်စိုက်ထူခြင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက တာဝန်ယူဆောင်ရွက်ပြီး၊ လမ်းမီးကြိုးတပ်ဆင်ခြင်း ၊ချို့ယွင်းသွားသော မီးလုံးများလဲလှယ်ခြင်း၊ လမ်းမီးခပေးဆောင်ခြင်းတို့ကို မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.