Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်ပုန်းဆိုင်များနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားပါက အရေးယူ ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်ပုန်းဆိုင်များနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားပါက ချက်ချင်းအရေးယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၊ဒုတိယအကြိမ်၊ဆဋ္ဌမပုံမှန် အစည်းအဝေး(အဋ္ဌမနေ့)အစည်းအဝေး၌

မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ “မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်ရှိ အ.ထ.က(၁) မရမ်းကုန်း၊ အ.လ.က(၄) မရမ်းကုန်းကျောင်းအနီးဝန်းကျင် ကိုက်(၁၀၀)အတွင်း တည်ရှိနေသော အရက်ဆိုင် ဘီယာဆိုင်များအား ရှင်းလင်းပြောင်းရွှေ့စေရန် မည်သို့စီစဉ်ဆောင်ရွက်ပေးသွားမည် ကိုသိရှိလိုပါကြောင်း”မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“အရက်ပုန်းဆိုင်တွေနဲ့ပတ်သက်ရင်လည်း ကျနော်တို့ဟာ ရဲတပ်ဖွဲ့နဲ့ ကျနော်တို့အမြဲမပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို အရက်ပုန်းဆိုင်တွေနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာရပ်ကွက်ကနေပြီးတော့မှ သတင်းပေးတိုင်ကြားလာလျှင် ကျွန်တော်တို့အနေနဲ့ ချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြေကြားအပ်ပါတယ်”ဟုဝန်ကြီးက

ပြော သည်။

ထို့ကြောင့် ယစ်မျိုးကြီးကြပ်ရေးအဖွဲ့မှ ၁၀.၂.၂၀၁၈ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး၁၄.၂.၂၀၁၈ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ အစည်းအဝေးဆုံးဖြတ်ချက်အရ ကျောင်းအနီးရှိသင့်တော်မှု မရှိဘဲ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ကန့်ကွက်ခဲ့သည့်ဆိုင်များကိုမတ်လကုန်အတွင်းအပြီးပိတ်သိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယစ်မျိုးနည်းဥပဒေ၂၂တွင် အရက်ဆိုင်သည် အရက်သောက်သုံးသူများ ဝင်ထွက်သွားလာခြင်းမပြုနိုင်အောင်မဖြစ်စေရ။ အများပြည်သူရှု့မြင်ရန် မသင့်တော်သည့်နေရာတွင် လည်းကောင်း၊ သောက်သုံးသူတို့အနီး ဖြတ်သန်းသွားလာသူတို့ကို အနှောင့်အယှက်ဖြစ်စေမည့်နေရာတွင် လည်းကောင်းမဖြစ်စေရ၊ ဈေး၊ဆေးရုံ၊စာသင်ကျောင်း၊ဘုန်းကြီးကျောင်း၊ ဘုရားဝတ်ပြုပူဇော်ရာအနီးနေရာတွင် မဖြစ်စေရဟု ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်ကြောင်း၎င်းကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.