Connect with us

Politics, Law & Military

ကချင်ပြည်နယ်တွင် လက်လုပ်မိုင်း ၁လုံး အသက်သွင်းစဉ် ပေါက်ကွဲပြီး တစ်ဦးသေဆုံး

ကချင်ပြည်နယ် မြို့ဝင်ဆိုင်းဘုတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် လက်လုပ်မိုင်း တစ်လုံးအား အသက်သွင်းစဉ် ပေါက်ကွဲပြီး တစ်ဦးသေဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

တနိုင်းမြို့၊ ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံး သူတစ်ဦးရှိကြောင်း သတင်းအရ ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စုံစမ်းရာ သေဆုံးသူသည် နံနက် ၁ နာရီခန့်တွင် ခြင်ထောင်ထဲ၌ လက်လုပ်မိုင်း ၁ လုံးအား ခိုးဝှက်၍ အသက်သွင်းရန် ပြင်ဆင်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.