ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) စဉ့်ကူးမြို့နယ်၌ရွှေခိုးတူးသော အမျိုးသား(၄)ဦးအင်းအတွင်း ပိတ်မိနေရာမှ(၃)ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson က ယနေ့ နိုဝင်ဘာ ၁၅...
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများတက်ရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး စတုတ္ထအကြိမ်မြောက် ဗဟို အဆင့် အစည်းအဝေးက အကြမ်းဖက်အဖွဲ့များအား တိုက်ဖျက်ရေး အလေးထား ဆောင်ရွက်ရန်အပါအဝင် သဘောတူချက်...
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ဂေါ်ဒူသာရ အနောက်ရွာ နှင့် ဂေါ်ဒူသာရ ချောင်းဝကြားအနီး မသင်္ကာသူ ၂၀ဦးအား ဖမ်းဆီးရမိထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများအနီး၌ နိုဝင်ဘာ ၁၃ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ခရိုင်၊ မြို့နယ်အလိုက် လှည့်ကင်းများဆောင်ရွက်ခြင်း၊ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းများကိုအင်အားအပြည့်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ”ဝ” အထူးဒေသ(၂)နှင့် မိုင်းလား အထူးဒေသ(၄)တွင် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ သွားရောက်လေ့လာကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ယနေ့ဒေသစံတော်ချိန် ၁၀နာရီ ၁၅နာရီတွင် ကျင်းပသည့် နှစ်(၄၀)ပြည့် အထိမ်းအမှတ် အာဆီယံ+ကနေဒါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သုံးလအတွင်း ၈၆ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။