Connect with us

Politics, Law & Military

၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှု ၂၂၅မှုဖြစ်ပွားပြီး တရားခံ ၆၄၈ဦး ဖမ်းဆီးနိုင်

၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးခံရမှု စာရင်းအားတွေ့ရစဉ်(ဓာတ်ပုံ- လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးမှု ၂၂၅မှုဖြစ်ပွားပြီး တရားခံ ၆၄၈ဦး ဖမ်းဆီးအရေး ယူနိုင်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

တစ်နှစ်တာအတွင်း လူကုန်ကူးခံရသူပေါင်း ၃၄၇ ဦးရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူကုန်ကူးမှုဖြစ်ပွားမှုများတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၅၈မှုဖြင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးသည် ရှမ်းပြည်နယ် ၅၅မှုနှင့် တတိယအများဆုံးသည် ကချင်ပြည်နယ် ၃၃မှုဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း လူကုန်ကူးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.