Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ခုနှစ်အတွင်း အမှုပေါင်း ၅၂,၅၂၄မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော မှုခင်းဖြစ်ပွားမှုပြ ဇယားအားတွေ့ရစဉ်(ဓာတ်ပုံ-ရန်ကုန်ရဲတပ်ဖွဲ့ရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ခုနှစ် တစ်နှစ်အတွင်း အမှုပေါင်း ၅၂,၅၂၄မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၆ ခုနှစ်တွင် ကြိုတင်ကာကွယ်ဖမ်းဆီးအရေးယူခဲ့သည့်အမှုပေါင်း (၄၂,၀၀၃)မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် (၅၂,၅၂၄)မှုဖမ်းဆီးနိုင်ခဲ့၍ ၂၀၁၆ခုနှစ်ထက် (၁၀၅၂၁)မှု ပိုမိုဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် လူသတ်မှု (၂၄)မှု၊ ဓားပြမှု (၁)မှု၊ လုယက်မှု (၆)မှု၊ ပြန်ပေးမှု (၁)မှု၊ ဖောက်ထွင်းမှု (၅)မှု၊

လက်နက်မှု (၂)မှု လျော့နည်းဖြစ်ပွားခဲ့ပြီး မုဒိမ်းမှု (၄၁)မှု၊ တိရိစ္ဆာန်ခိုးမှု (၅)မှု၊ မတရားအသင်း (၂)မှုတို့ ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခြားအမှု(၁၀)မျိုးအနေဖြင့် ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း (၁၄၇၃၄)မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ခုနှစ်တွင် (၁၆၀၀၈)မှု ဖြစ်ပွား ခဲ့၍ ၂၀၁၆ ခုနှစ်ထက် (၁၂၇၄)မှုပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုဒိမ်းမှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အရွယ်ရောက်ပြီး ပြုကျင့်ခံရမှု (၆၉)မှု၊ ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု (၉၆)မှု၊ သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု (၆၄)မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အရွယ်ရောက်ပြီး ပြုကျင့်ခံရမှု (၈၄)မှု၊

ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု (၁၁၆)မှု၊ သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု (၇၀)မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း

သာယာရေး၊ မှုခင်းများလျော့နည်းကျဆင်းရေး တို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် (Community Based Policing)ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)