ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘင်္ဂါလီ ၁၇၀၁၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် နယ်စပ်အနီးရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ အောက်တိုဘာ ၆ ရက်နေ့ နံနက် ၈နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆာရီဘီဂါဝန်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် မိကျောင်းဈေးကျေးရွာ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားက လူနေအိမ် ၇ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏အကြမ်းဖက်တိုက်ခိုက်မှုခံရပြီး တစ်ဖက်နိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်သွားသောဟိန္ဒူဘာသာဝင် ၁၆ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်းသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တီးတိန်မြို့နယ်၌ အမှတ်(၈)မီးရှို့စနက်တံ အချောင်း (၁၀,၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တာလေမြို့တွင် ငွေကျပ် သိန်း ၈၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ၏ ဖိတ်ကြားချက် အရ ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ၊ ဘန်ဒါဆာရီ...
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်း GDP growth rate ကို ၇ ရာခိုင်နှုန်း ရရှိစေရန် မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ ၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့...
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာအုပ်စု၊ လေယာဉ်ကွင်းကျေးရွာတွင် လေယာဉ်ကွင်းကျေးရွာသို့ ရောက်ရှိလာသော တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများအား မောင်တောခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့ သွားရောက်တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သော ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။