Connect with us

Politics, Law & Military

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် အတွက် ၃၃၈ ဦးအား အမြဲနေထိုင်ခွင့်လက်မှတ် နှင့် ကတ်ပြားများ ထုတ်ပေးထား

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ (၂/၂၀၁၇) ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် စနစ်ကို လက်ခံ ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ လကုန်အထိ လျှောက်ထားသူ စုစုပေါင်း ၄၂၉ ဦး ရှိပြီး ၃၃၈ ဦးအား အမြဲ နေထိုင်ခွင့် လက်မှတ် နှင့် ကတ်ပြားများ ထုတ်ပေးပြီး ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်အား လျှောက်ထားသူ စုစုပေါင်း ၄၂၉ ဦး ရှိရာ နိုင်ငံခြားသား အမြဲ နေထိုင် ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ အစည်းအဝေး ၅ ကြိမ် ကျင်းပ၍ ၃၅၂ ဦးအား လူတွေ့ စစ်ဆေး အကဲဖြတ် စိစစ်အတည်ပြုကာ ၃၃၈ ဦးအား ထုတ်ပေးခဲ့ပြီး ကျန် ၁၄ ဦးမှာ လက်မှတ် နှင့် ကတ်ပြား လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ စတင်၍ ကျွမ်းကျင် ပညာရှင် ၊ ရင်းနှီးမြှုပ်နှံသူ ၊ မြန်မာနိုင်ငံသား ဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား ၄ မျိုး ခွဲခြား သတ်မှတ်ကာ လျှောက်လွှာများ လက်ခံ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.