Connect with us

Politics, Law & Military

ကာကွယ်ရေး ဝန်ကြီး ဌာနမှ မြေဧရိယာ စုစုပေါင်း ၂၅၈,၀၁၃ ဒသမ ၅၅၉ ဧက အား နိုင်ငံတော်သို့အပ်နှံ ပြီးစီးကြောင်း သတင်း ထုတ်ပြန်

ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြန်လည် စွန့် လွှတ် #အပ်နှံမြေ များ နိုင်ငံတော်သို့  အပ်နှံ ပြီးစီးမှု ထုတ်ပြန်ချက်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ် အပ်နှံမြေများ နိုင်ငံတော်သို့ အပ်နှံ ပြီးစီးမှု အခြေအနေ များအား သတင်း ထုတ်ပြန်ခဲ့ရာ ယခု ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် အထိ မြေဧရိယာ စုစုပေါင်း ၂၅၈,၀၁၃ ဒသမ ၅၅၉ ဧက ကို နိုင်ငံတော်သို့အပ်နှံရေး ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် မူလ လျာထားချက်ထက် ပိုမို၍ စွန့်လွှတ်မည့် မြေများကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံပြီး ဖြစ်သော်လည်း ဌာန ဆိုင်ရာများ အပါအဝင် ပြည်သူများက တောင်းခံလာသော မြေများနှင့် စပ်လျဉ်း၍ ကိစ္စ တစ်ရပ်ချင်း အလိုက် စိစစ်ပြီး လိုအပ်သလို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနသည် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါ တိုင်ကြားမြေများအား စိစစ်၍ ပြန်လည် စွန့်လွှတ်သင့်သည့် မြေများကို ပြန်လည် စွန့်လွှတ်ခဲ့ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ တိုင်ကြားစာများတွင် မပါဝင်သော်လည်း တပ်မြေသိမ်းဆည်းမှုများ နှင့် စပ်လျဉ်း၍ ချမှတ် ထားသော မူဝါဒ သုံးရပ် နှင့် အညီ တပ်/ဌာနချုပ်များမှ ပြန်လည် စွန့်လွှတ် ပေးသင့်သည့် မြေများကို ကိစ္စ တစ်ရပ်ချင်းစီ အလိုက် စိစစ်၍ ပြန်လည် စွန့်လွှတ်ခဲ့ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။(Xinhua)