ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောင်ခရိုင်အတွင်းရှိ တောင်ပြိုရဲကင်းစခန်းအား ARSA အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်ရန် ရေးဆွဲထားသော မြေပုံစာရွက်များ ရှာဖွေတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ နယ်စပ်ခြံစည်းရိုးများ ဖျက်ဆီး၍ အလွယ်တကူ ဝင်ထွက်သွားလာမှု များရှိနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ကားလမ်းပေါ်၌ စက်တင်ဘာ ၂ ရက်တွင် လက်လုပ် အသံမိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့်အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း တပ်မတော် ကာကွယ်ရေး...
ရန်ကုန် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ပြည်တွင်းရှိ အစိုးရ Websiteများအား ယနေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် Defaced ပြုလုပ်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး လက်ရှိပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တပ်မတော်က သတင်းသမားများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၈ဦးအပေါ် တရားစွဲဆိုထားသော အမှုများအား ရုတ်သိမ်းပေးလိုက်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က တရားဝင်စာဖြင့် အကြောင်းကြားလာကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အဝေးပြေးဝင်းရှိ ယာဉ်တစ်စီးပေါ်မှ ပိုင်ရှင်မဲ့ ရိုင်ဖယ်ကျည်ဆန်များ တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မောင်တောခရိုင်မေယုတောင်ခြေ အင်းဒင်ကျေးရွာအနီး ယနေ့ သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ကျော်က ဓားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်ရာ အကြမ်းဖက်သမား...
ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ ရန်ပြုပိတ်ဆို့ထားသော ဟိန္ဒူလူမျိုး ၄၉၉ဦးအား ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ယနေ့ သတင်ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။