Connect with us

Politics, Law & Military

မောင်တောမြို့၌ မသင်္ကာသူ ၂၀ ဦး ဖမ်းဆီး

မသင်္ကာသူများအား ဖမ်းဆီးရမိရာပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့ ဂေါ်ဒူသာရ အနောက်ရွာ နှင့် ဂေါ်ဒူသာရ ချောင်းဝကြားအနီး မသင်္ကာသူ ၂၀ဦးအား ဖမ်းဆီးရမိထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် ဂေါ်ဒူသာရ အနောက်ရွာ နှင့် ဂေါ်ဒူသာရ ချောင်းဝကြားအနီးရှိ ပုဇွန်ကန်များတွင် အကြမ်းဖက်သမားများ၊ တရားခံပြေးများ ခိုအောင်း နေကြာင်း သတင်းအရ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မသင်္ကာသူ ၂၀ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော မသင်္ကာသူများအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.