Connect with us

Politics, Law & Military

အကြမ်းဖက်အဖွဲ့များအား တိုက်ဖျက်ရေး အလေးထား ဆောင်ရွက်ရန်အပါအဝင် သဘောတူချက် ကိုးချက် ထုတ်ပြန်

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဗဟို အဆင့် အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး စတုတ္ထအကြိမ်မြောက် ဗဟို အဆင့် အစည်းအဝေးက အကြမ်းဖက်အဖွဲ့များအား တိုက်ဖျက်ရေး အလေးထား ဆောင်ရွက်ရန်အပါအဝင် သဘောတူချက် ကိုးချက်ကို ယနေ့နံနက်ပိုင်း၌ ပူးတွဲ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောတူညီချက်များတွင် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော မှုခင်းဆိုင်ရာ ပြသနာများ၊ တရားခံပြေးများ၊ ARSA နှင့် အခြားသော အကြမ်းဖက် အဖွဲ့အစည်းများ တိုက်ဖျက်ရေး ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် သတင်း အချက်အလက်များ ဖလှယ်ရေးအတွက် နှစ်နိုင်ငံအကြား သီးခြား ဆက်သွယ်မှု စနစ်တစ်ခု ထူထောင် ရန်၊ နှစ်နိုင်ငံ နယ်စပ် ဆက်သွယ်ရေး ရုံးများ ထူထောင်ရာတွင် မြန်မာနိုင်ငံဘက်၌ မောင်တောတွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်၌ တက်ကနက်တွင်လည်းကောင်း ၂၀၁၇ ဒီဇင်ဘာလ နောက်ဆုံးထား ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်စပ် တရားမဝင် ဝင်ရောက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် တားဆီးနှိမ်နင်းရေးကို စံလုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ရန်၊ နယ်ခြားစောင့် တပ်ဖွဲ့များအချင်းချင်း ယုံကြည်မှု တည်ဆောက်နိုင် ရေးအတွက် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အပြန်အလှန်လည်ပတ်ခြင်း၊ အားကစားပွဲများ ကျင်းပခြင်း၊ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ ဘာသာစကား သင်ကြားခြင်းတို့ကို နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်သွားရန်၊ ပဉ္စမ အကြိမ် ဗဟိုအဆင့် အစည်းဝေးကို ၂၀၁၈ ခုနှစ် မေလ ပထမပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်ရျင် အဖြစ် လက်ခံ ကျင်းပနိုင်ရေး နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ရန်၊ နယ်စပ်ဒေသတစ်လျှောက် လူကုန်ကူးမှု၊ တရားမဝင် ကူးသန်း ရောင်းဝယ်မှု၊ စိတ်ကြွ ရူးသွပ် ဆေးပြားများ သယ်ဆောင် ရောင်းဝယ်မှုများအား ငြိမ်းချမ်းစွာ အတူ ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ အနေဖြင့် သတင်း အချက်အလက်များ ဖလှယ်ပြီး ချစ်ခင် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရန် နှင့် နယ်စပ်ဒေသ တည်ငြိမ် အေားချမ်းရေးအတွက် နှစ်ဘက်စလုံးက ထိန်းသိမ်း ဆောင်ရွက်ကြရန် … … … စသည့် အချက်များ ပါဝင်သည်။

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဗဟို အဆင့် အစည်းအဝေးက ပူးတွဲ သတင်းထုတ်ပြန်ကြစဥ(ဆင်ဟွာ)်

ယမန်နေ့ အစည်းအဝေး အပြီးတွင် ARSA အကြမ်းဖက် အဖွဲ့နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်း အချက်အလက်များ၊ ဖော်ထုတ်ဖမ်းဆီးပေးရမည့် တရားခံပြေး အမည်စာရင်းများကို ဓာတ်ပုံ မှတ်တမ်းနှင့်တကွ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့မှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးခဲ့ ကာ အမြန်ဆုံး စုံစမ်း ဖော်ထုတ် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရ်နိုင်ငံ ဘက်ကလည်း အဆိုပါ ကိစ္စကို အလေးထား ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မည်သည့် အကြမ်းဖက် သမား တစ်ဦးတစ်ယောက်ကိုမျှ လက်ခံထားမ် မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့သည် … … … ဟူ၍ ပူးတွဲ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်း ဦးဆောင်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီး ၁၇ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ နယ်ခြားစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် Mr. Abul Hussain, ndc, psc, P Eng ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ဝင် ၁၄ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.