Connect with us

Politics, Law & Military

ARSA အစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် သုံးလအတွင်း ၈၆ဦးသေဆုံး

အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ပျောက်ဆုံး စာရင်းများအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သုံးလအတွင်း ၈၆ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့မှ နိုဝင်ဘာ ၁၀ ရက်နေ့အထိ အစိုးရ ဝန်ထမ်း ၂ ဦး၊ ရခိုင်တိုင်းရင်းသား ၅ ဦး၊ မြိုတိုင်းရင်းသား ၇ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၇ ဦး ၊ ဟိန္ဒူ ဘာသာဝင် ၅၂ ဦး သေဆုံးခဲ့ရပြီး တပ်မတော်သား ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးတို့ အသက်စွန့်လွှတ်ခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ရခိုင်တိုင်းရင်းသား ၂ ဦး၊ မြိုတိုင်းရင်းသား ၅ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၅ ဦး ၊ဟိန္ဒူဘာသာဝင် ၂ ဦး ၊ တပ်မတော်သား ၅ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ပြည်သူ ရခိုင်တိုင်းရင်းသား ၂ ဦး၊ မြိုတိုင်းရင်းသား ၃ ဦး၊ ဟိန္ဒူဘာသာဝင် ၁၇၆ ဦးနှင့် တပ်မတော်သား ၁ ဦး တို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးချိန်မှစ၍ နိုဝင်ဘာ ၁၀ ရက်နေ့အထိ မသင်္ကာသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူ ၉၈ ဦး ရှိခဲ့ရာ ပြစ်မှုကျူးလွန် ကြောင်း စစ်ဆေးပေါ်ပေါက်ခြင်းမရှိ၍ အမှုမှ အပြီးလွှတ်ပေးခဲ့သူ ၂ ဦး ၊ ရောဂါဖြင့် သေဆုံးသူ ၂ ဦး၊ တရားရုံးတွင် အမှုရင်ဆိုင်ဆဲ ၆၇ ဦး ၊ ရဲစစ်ဆေးဆဲ ၂၇ ဦး ရှိကြောင်း သိရသည်။(Xinhua)