ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) ကမ္ဘာ့အသိုက်အဝန်း၏ အဖွဲ့ဝင် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအားလုံးနှင့် သက်ဆိုင် သော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကုလသမဂ္ဂကို အခိုင်အမာ ထောက်ခံပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဟု သန္နိဋ္ဌာန် ချမှတ်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ...
နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တီထွင်နိုင်စွမ်းရှိကြသည့် လူငယ် လုပ်ငန်းရှင်များ အနေဖြင့် တီထွင်နိုင်သည့် စွမ်းရည် အမြင့်ဆုံးဖြစ်သည့် လူငယ်ဘဝတွင် အမြန်တီထွင်ကြရန်နှင့် ထိုသို့တီထွင်သည့် အခါ မိမိတစ်ဦးတည်း အကျိုးစီးပွားအတွက် မဟုတ်ဘဲ နိုင်ငံ့ အနာဂတ်အတွက်ပါ အားထည့် ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က...
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူကျေးရွာ၏ အရှေ့မြောက် ဖက် ၂ မိုင်ခန့် အကွာရှိ ဘိန်းစိုက် ဧက ၁၇ ဧကခန့်အား ယနေ့အောက်တိုဘာ ၂၂ ရက်တွင် ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု...
နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အတိတ်ကို ကြည့်တာ မဟုတ်ဘဲ အနာဂတ်ကို မျှော်သည့် နေရာမျိုးက ဆက်ပြီး ဆောင်ရွက်သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ MICC II တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့်...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ် အတည်ပြုရန်အတွက် ပြည်ထောင် စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ (UPDJC )အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အထောက်အကူပြု (Support to the Reform of the Myanmar Police Force) ၅ နှစ်စီမံကိန်း(၂၀၁၆-၂၀၂၁)အား ဥရောပ သမဂ္ဂ(EU)မှ ယူရို သန်း ၃၀ လျာထားကြောင်း မြန်မာနိုင်ငံ...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ ခြောက်ဦးကို ထပ်မံ ဖမ်းဆီးရမိထားကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ရက် (ဆင်ဟွာ) လိုင်စင်မဲ့ယာဉ် များအား လိမ်လည် ရောင်းချခြင်းများ ရှိနေသည့်အတွက် ဝယ်ယူမည့် မော်တော်ယာဉ် များကို လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် ကိုသိနိုင်ရန် အုံနာဘုတ်၊ ဝှီးတက်တို့ ယူဆောင်ကာ လာရောက် စစ်ဆေးနိုင်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုကြောင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များမှ ခေတ္တနေရပ်စွန့်ခွာလာသူများ နေရပ်ပြန်မည်ဆိုပါက ကူညီပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။