Connect with us

Politics, Law & Military

နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် တည်ငြိမ်မှု ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ အတွက် စိန်ခေါ်မှုများ ရှိနေဆဲဟု နိုင်ငံတော် သမ္မတ ပြောကြား

ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၇) အစည်းအဝေးအား နေပြည်တော်၌ ကျင်းပစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တွင်၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတိုင်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့် စီးပွားရေးတည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၇) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုစိန်ခေါ်မှု များမှာ နိုင်ငံတော်၏ အဓိက ရငွေ တစ်ခုဖြစ်သည့် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရငွေသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ ဈေးနှုန်းအခြေအနေကြောင့် ကျဆင်းခြင်း၊ သစ်ထုတ်လုပ်တင်ပို့မှုကို လျှော့ချသည့်အတွက် ရငွေကျဆင်း ခြင်း၊ သတ္တုကဏ္ဍလုပ်ကွက်များကို ပြန်လည်စိစစ်ခွင့်ပြုသွားရန် စိစစ်နေခြင်းကြောင့် ရငွေကျဆင်းခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ခြင်းကဏ္ဍတွင် ပြည်သူများ သက်သာမှုရရှိစေရန် အရှုံးခံ၍ ထုတ်လုပ် ဖြန့်ဖြူးနေရခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ကြီးမားစွာရှိနေဆဲဖြစ်ခြင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များအပြင် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးအခြေအနေနှင့် ကုန်သွယ်မှု မူဝါဒများအပေါ် မူတည်ပြီး မိမိနိုင်ငံ၏ ကုန်သွယ်မှု မူဝါဒများကိုလည်း သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ခြင်း၊ ပြည်တွင်း ငွေကြေးဈေးကွက်တည်ငြိမ်စေရေးအတွက် စဉ်ဆက်မပြတ် ဂရုပြုဆောင်ရွက်ရန် လိုအပ်ခြင်း စသည်တို့ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းစိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရန် အဘက်ဘက်မှ လေ့လာသုံးသပ်ပြင်ဆင်ထားကြရန် တိုက်တွန်းကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်သော ဘဏ္ဍာရေး ကော်မရှင် (၁/၂ဝ၁၇) ကြိမ်မြောက် အစည်းအဝေးသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရ/အသုံး ခန့်မှန်းခြေငွေစာရင်း နှင့် ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ/အသုံး ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုကြရန် ပြုလုပ်ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် မိမိတို့၏ ရငွေအရင်းအမြစ်များ တိုးတက်များပြားလာရေးနှင့် ပြည်ထောင်စုမှ ဖြည့်ဆည်း ထောက်ပံ့ပေးသည့် ဘဏ္ဍာငွေများကို တိုင်းဒေသကြီး/ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရန် အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။

ပြည်ထောင်စုဌာန အဖွဲ့အစည်းများ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းချုပ်ရငွေ စုစုပေါင်းမှာ ကျပ် ၁၆ ဒသမ ၇၆၈ ထရီလီယံ ဖြစ်ပြီး သုံးငွေ စုစုပေါင်းမှာ ကျပ် ၂ဝ ဒသမ ၈၉၆ ထရီလီယံ ဖြစ်ကြောင်း၊ ထို့ကြောင့် စုစုပေါင်း လိုငွေပမာဏမှာ ကျပ် ၄ ဒသမ ၁၂၈ ထရီလီယံဖြစ်ကြောင်း၊ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၉၁ ဒသမ ၃၁၉ ထရီလီယံ ဖြစ်သည့်အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေး နှစ်အတွက် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၅၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဘဏ္ဍာငွေများကို နိုင်ငံတော်အတွက် စီမံခန့်ခွဲသုံးစွဲကြရာတွင် မြန်မာကျပ် ငွေဖြစ်စေ၊ နိုင်ငံခြား သုံးငွေဖြစ်စေ လေလွင့်ယိုဖိတ်မှုမရှိစေရန် သတိပြုဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် နှင့် မလုံလောက်သည့် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် လိုအပ်ချက်များအတွက် ပြည်ပမှ အကူအညီ အထောက်အပံ့များ၊ ပြည်ပချေးငွေများကို ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၏စိစစ်မှုဖြင့် ရယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်း၊ ပြည်ပ ကြွေးမြီများကို ကြွေးမြီ ခံနိုင်ရည်ရှိမှု အတိုင်းအတာအတွင်းမှသာ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်သည် မိမိတို့အစိုးရအဖွဲ့၏ ဒုတိယမြောက်နှစ် ဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ/အသုံးအခြေအနေများကို အခြေခံ၍ နိုင်ငံတော်အတွက် ရငွေများ ပိုမို ကောက်ခံ ရရှိလာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်၊ သုံးစွဲငွေများကို ဥပဒေစည်းမျဉ်းများနှင့် ညီညွတ်ရန် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အချိန်မီသုံးစွဲနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.