Connect with us

Politics, Law & Military

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်းကာ စီမံကိန်းကော်မရှင်တွင် အတည်ပြုချက်ရယူမည့် အစည်းအဝေးကျင်းပ

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၇) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပစဉ်(ဓါတ်ပုံ-facebook နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မိမိတို့ အစိုးရသစ်လက်ထက်တွင် ပထမဆုံးရေးဆွဲ ထားသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်းကာ စီမံကိန်းကော်မရှင်တွင် အတည်ပြုချက်ရယူမည့် အစည်းအဝေးကို ယနေ့ဇန်နဝါရီ ၉ရက်၌ နေပြည်တော် သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည်။

စီမံကိန်းများရေးဆွဲရာတွင် ပြည်သူများအတွက် လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)အတွက် လိုအပ်ချက် အပိုင်းနှစ်ပိုင်း ခွဲခြားရှုမြင်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားသည်။ယင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ကဏ္ဍအလိုက်၊ ဒေသအလိုက်လတ်တလောဖြည့်ဆည်းပေးရန် လိုအပ်ချက် များ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်း စီမံကိန်းကြီး များကို နိုင်ငံတော်၏ခွင့်ပြုနိုင်မည့် ဘတ်ဂျက်ဘောင် အတွင်းက ပေါင်းစပ်ရေးဆွဲကြရန်လိုကြောင်း ၎င်းက ဆိုသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ပထမ ၆ လပတ်အတွင်း စီးပွားရေးတိုးတက်မှုနှေးကွေးခဲ့ရာ အထူး သဖြင့် လယ်ယာသီးနှံများ အထွက်ကျဆင်းခြင်း၊ ပို့ကုန်ဈေးနှုန်းများကျဆင်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုနှေးကွေးခြင်း သည် အဓိကအကြောင်းရင်းများ ဖြစ်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေးဂယက်များ သည်လည်း မိမိတို့နိုင်ငံ၏စီးပွားရေးကို အနည်းနှင့်အများဆိုသလို ရိုက်ခတ်လျက်ရှိပါကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

အဆိုပါ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နှစ်ကုန်ခန့်မှန်းခြေအရ ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းပါကြောင်း၊ လာမည့်နှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် အဓိကအားဖြင့် နိုင်ငံ၏ GDP ကို ၇ ရာခိုင်နှုန်းတိုးတက်ရန်နှင့် လူတစ်ဦးစီ၏ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP)ကို ကျပ်( ၁၇) သိန်းကျော် ရရှိရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောသည်။ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့၏ အမျိုးသားစီမံကိန်းများသည် ပြည်ထောင်စုကြီး တစ်ခုလုံး ၏ ရေရှည်၊ ရေတိုအကျိုးအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် အကောင် အထည်ဖော်နိုင်သည့် စီမံကိန်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းရေးဆွဲရာတွင် မှန်ကန်မှု၊ တိကျမှု ရှိရမည်ဖြစ်ပြီး ပြုလုပ်ပြောင်း လွယ်နိုင်သည့် အနေအထားရှိရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၇) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီး ယူ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ပြည်ထောင်စု ရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီး အဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.