Connect with us

Politics, Law & Military

ဖိလစ်ပိုင် သင်္ဘော တစ်စင်း တိုက်ခိုက်ခံရ၍ ၈ ဦးသေဆုံး

ဖိလစ်ပိုင် ရေတပ် မှ စစ်သင်္ဘော တစ်စင်းအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မှ ငါးဖမ်း သင်္ဘော တစ်စင်း သည် ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်းအချိန်တွင် အမည်မသိ သေးသည့် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လက်ရှိချိန် တွင် အနည်းဆုံး ၈ ဦးသေဆုံး ခဲ့ကြောင်း ဖိလစ်ပိုင် စစ်ဘက်ဆိုင်ရာ မှ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုပြောကြား ခဲ့သည်။

ဖိလစ်ပိုင် Mindanao စစ်ဘက်ဆိုင်ရာ ညွှန်ကြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ က ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်း ၈ နာရီအချိန်ခန့်တွင် ရေလုပ်သား ၁၅ ဦး လိုက်ပါခဲ့သည့် ငါးဖမ်းသင်္ဘော တစ်စင်းသည် Zamboanga မြို့ တောင်ဘက်ပိုင်းရှိ ရေပြင်တွင် လက်နက်ကိုင် ၅ ဦးပါဝင်သည့် အဖွဲ့၏ တိုက်ခိုက်မှု ကိုခံခဲ့ရပြီး ၈ ဦးက တိုက်ခိုက်စဉ်အတွင်း သေဆုံး ခဲ့ပြီး အခြား ရေလုပ်သား များသည် ပင်လယ် ထဲသို့ ခုန်ချ ထွက်ပြေး ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

Mindanao ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့အနေဖြင့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ငါးဖမ်းသင်္ဘောပေါ် တွင် သေဆုံးနေသည့် ရေလုပ်သားများကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရေအတွင်းသို့ ခုန်ချထွက်ပြေးခဲ့သူများ အတွင်း မှ ၂ ဦးသည် ကမ်းပေါ်ရောက်လာပြီး ရဲတပ်ဖွဲ့သို့အကြောင်းကြား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ကျန်ရှိနေသော အခြား ရေလုပ်သား ၅ ဦးကို မတွေ့ရှိသေးကြောင်း ပြောကြား ခဲ့သည်။

ထိုကိစ္စရပ် နှင့် ပတ်သက်၍ တိုက်ခိုက်ခံရခြင်း အကြောင်းရင်းကို အမျိုးမျိုး ထင်မြင်ယူဆ ခဲ့ကြပြီး ဖိလစ်ပိုင် စစ်ဘက်ဆိုင်ရာ အနေဖြင့် ငါးလုပ်ငန်း ကုမ္ပဏီ အချင်းချင်း ရန်ညှိုးများကြောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင် မီဒီယာ များက ယခု ဖြစ်ပွား ခဲ့သည့် ကိစ္စရပ်သည် ပင်လယ် ဓားပြ ကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြ ခဲ့ကြသည်။

ယခု နှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့သည် စက်လှေ နှစ်စင်းဖြင့် Zamboanga မြို့ တောင်ပိုင်း ပင်လယ်ပြင်တွင် ကုန်တင် သင်္ဘော တစ်စင်း ကို တိုက်ခိုက်ခဲ့ရာ ဖိလစ်ပိုင် ရေတပ်၏ ပြန်လည် တိုက်ခိုက်မှု ကြောင့် ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.