Connect with us

Politics, Law & Military

Nokia တံဆိပ် စမတ်ဖုန်း ထုတ်လုပ်

Nokia အမှတ်တံဆပ် Nokia 6 စမတ်ဖုန်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟယ်ဆင်ကီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံ အခြေစိုက် HMD Global ကုမ္ပဏီ က ၎င်း၏ ပထမဆုံး Nokia အမှတ်တံဆိပ် မိုဘိုင်းဖုန်းအား ဇန်နဝါရီ ၈ရက်တွင် ကြေညာခဲ့သည်။ Android စနစ်ကိုအခြေခံထားသော ယင်း မိုဘိုင်းဖုန်းသည် တရုတ်နိုင်ငံဈေးကွက်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ ၂၀၁၇ခုနှစ်အစောပိုင်းတွင် အဆိုပါ Nokia ဖုန်းအား တရုတ်နိုင်ငံတွင် JD.com ဝက်ဘ်ဆိုက်တစ်ခုတည်းမှ တစ်ဆင့် တရုတ်ယွမ် ၁,၆၉၉ယွမ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

HMD Global ကုမ္ပဏီ၏ စီအီးအို အာတို နမ်မဲလ်လာ က စမတ်ဖုန်းကဏ္ဍတွင် ပါဝင်သူတစ်ဦးအဖြစ် နေရာတစ်နေရာရရှိရန် အရှိန်အဟုန်မြင့်လုပ်ဆောင်သွားရန် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့သည်။

နမ်မဲလ်လာသည် ယခင်က Nokia နှင့် Mircrosoft ကုမ္ပဏီများတွင် လုပ်ကိုင်ခဲ့ကြောင်းသိရသည်။ HMD Global ကုမ္ပဏီ၏ ရုံးချုပ်မှာ လက်ရှိ Nokia ရုံးချုပ် နှင့် နီးကပ်သည့် အက်စ်ပိုမြို့တွင်တည်ရှိသည်။

ဖင်လန်နိုင်ငံရှိ HMD Global ကုမ္ပဏီသည် ဖုန်း ဒီဇိုင်းရေးဆွဲခြင်းနှင့် ဈေးကွက်ဖြန့်ချိခြင်းတို့ကိုသာ ပြုလုပ်ပြီး ထုတ်လုပ်ရေးပိုင်းကိုမူ အာရှ၌ ပြုလုပ်ကြောင်းသိရသည်။ ၎င်းသည် စမတ်ဖုန်းများအပြင် တက်ဘလက်များကိုလည်း ထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

Nokia 6 စမတ်ဖုန်းတွင် Qualcomm Snapdragon 430 processor နှင့် X6 LTE modem တို့ကို အသုံးပြုထားပြီး Android နောက်ဆုံးဗားရှင်းဖြစ်သည့် Nougat နှင့် အတူ 4GB RAM၊ ဖုန်းအတွင်း မှတ်ဉာဏ် 64GB ပါဝင်ကြောင်း သိရသည်။

Nokia ၏ အင်တာနက်စာမျက်နှာတွင် မိုဘိုင်းဖုန်းကဏ္ဍ ပြန်လည်ထည့်သွင်းခဲ့သည့် ယခင်နှစ် ဒီဇင်ဘာလတွင် Nokia သည် မိုဘိုင်းဖုန်းအမှတ်တံဆိပ်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ Nokia ဝက်ဘ်ဆိုက်၏ မိုဘိုင်းဖုန်းကဏ္ဍအား HMD က ကိုင်တွယ်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၀ပြည့်နှစ်အလွန်တွင် ဖင်လန်အိုင်တီပစ္စည်းကုမ္ပဏီဖြစ်သည့် Nokia၏ လက်ကိုင်ဖုန်းဈေးကွက် မှေးမှိန်လာ၍ ၎င်း၏ မူရင်းမိုဘိုင်းဖုန်းလုပ်ငန်းစဉ်အား Microsoft သို့ ရောင်းချခဲ့ပြီး Microsoft က နောက်ပိုင်းတွင် Nokia တံဆိပ်အား “MS Phones” တံဆိပ်ဖြင့်အစားထိုးခဲ့သော်လည်း Nokia ၏ Lumia တံဆိပ်ကိုမူ မပြောင်းလဲဘဲ ချန်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တယ်လီဖုန်းဆက်သွယ်ရေး နှင့် အင်တာနက်လုပ်ငန်းများအား အဓိကလုပ်ဆောင်နေသည့် Nokia ကုမ္ပဏီသည် လိုင်စင်သဘောတူညီများအရ တံဆိပ်နှင့် နည်းပညာပိုင်ဆိုင်ရာအသုံးပြုမှုများအတွက် HMD ကုမ္ပဏီ မှ ရောင်းချသည့် Nokia တံဆိပ် မိုဘိုင်းဖုန်းများ နှင့် တက်ဘလက်များအားလုံးအတွက် HMD မှ မူပိုင်ခွင့် အခငွေကြေးရရှိမည်ဖြစ်ကြောင်း နှင့် Nokia သည် HMD၏ ရင်းနှီးမြှုပ်နှံသူမဟုတ်သလို ရှယ်ယာရှင်လည်းမဟုတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.