Connect with us

Politics, Law & Military

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် စပ်လျဉ်း၍ မဟာဗျူစာ ရူ့ထောင့်မှ လေ့လာ သုံးသပ်အကြံပေးရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ပြီး ဇန်နဝါရီ ၁၀ရက်နေ့က နိုင်ငံတော် သမ္မတက ခန့်အပ်လိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အား ဖိလစ်ပိုင်ဆိုင်ရာ မြန်မာသံအမတ်ကြီး (ငြိမ်း)ဖြစ်သည့် ဦးသောင်းထွန်းကို ခန့်အပ်လိုက်ခြင်း ဖြစ်ပြီး ၎င်း၏ ခံစားခွင့်များကို ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အား ခန့်အပ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၆) သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.