Connect with us

Politics, Law & Military

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား နယ်စပ်ရေးရာများ ညှိနှိုင်း ဆောင်ရွက်လျက်ရှိနေဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

နိုင်ငံခြားရေး ၀န်ကြီးဌာန အမှတ်တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

နာဂဒေသရှိ မြန်မာ-အိန္ဒိယနယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး ကာရံမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ နယ်စပ်ဒေသမှ သတင်းများ ထွက်ပေါ်နေခြင်း အပေါ် အခြေအနေမှန်နှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား နယ်စပ်ရေးရာများကို ညှိနှိုင်း ဆောင်ရွက်လျက် ရှိနေခြင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာဘက်မှခြံစည်းရုံး ကာရံမည့်အစီအစဉ်၏ အဓိကရည်ရွယ်ချက်သည် နှစ်နိုင်ငံအကြား နယ်နိမိတ် အား ကျော်လွန်၍ မြန်မာ့ပိုင်နက် နယ်မြေအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်း မရှိစေရန် ဖြစ်ကြောင်း ၊ နယ်နိမိတ်မျဉ်း အနီး နေထိုင်သည့် နှစ်ဘက် ဒေသနေပြည်သူများ၏ ထုံးတမ်းစဉ်လာနှင့်အညီ တရားဝင် နည်းလမ်းဖြင့် နယ်နိမိတ်အား ပုံမှန်ဝင်/ထွက်သွားလာမှုကို ကန့်သတ်ရန် ရည်ရွယ်ချက် ဖြင့်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ မိမိဘက် ဒေသ အာဏာပိုင်များ အနေဖြင့် နယ်စပ် စီမံခန့်ခွဲမူကို ဆောင်ရွက်ရာတွင် ပိုမို ထိရောက် စွာဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း ရှင်းလင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ ခြံစည်းရိုး ကာရံမှုတွင် မြန်မာဘက် အနေဖြင့် အိန္ဒိယဘက်နှင့် ညှိနှိုင်း ထားပြီး ၊ နှစ်နိုင်ငံ အကြား ချုပ် ဆိုထားသည့် နယ်နိမိတ်စာချုပ်ပါ ပြဌာန်းချက်များ အပါအဝင် အစည်းအ‌ဝေး သဘော တူညီချက် များနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်အနေဖြင့် ခြံစည်းရိုးကို နယ်နိမိတ်မျဉ်းမှ (၁၀) မီတာအကွာ အဆောက် အအုံများ မဆောက်လုပ်ရန် တားမြစ်ထားသည့် (၁၀)မီတာပြင်ပ မြန်မာပိုင်နယ်မြေအတွင်း ဆောင်ရွက်ရန် ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက် ရာတွင် နယ်စပ်နေ ပြည်သူများ အဆင်ပြေစေရန် လိုအပ်သည့်နေရာ များတွင် ဝင်/ထွက်သည့် အပေါက်များ၊ တံခါးများ စီစဉ်ဆောင်ရွက်ပေးရန် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.