ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ၁၀ လအတွင်း YBS ယာဉ်များအားအရေးယူမှုပေါင်း ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွဲ့စည်းထားရှိသော ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များသည် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်များအတွက် အောက်တိုဘာ ၂၉ ရက်မှ...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၃၀ ရက်)၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် ဇနီးတို့ ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁) တွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက် ခဲ့ကြသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) COVID-19 ကာလအတွင်း အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာဖြင့် မဲပေးနိုင်ရန် ကာကွယ်ရေးနည်းလမ်းများကို အပြည့်ကျင့်သုံးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ငါးရက်အတွင်း တရားမဝင်သစ် တန် ၁,၁၉၀ကျာ်နှင့် ပြစ်မှုကျူးလွန်သူ ၆၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ၏ သတင်းများ သိရှိစေရန် တိုင်းနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ ဆက်သွယ်ရမည့် ဖုန်းနံပတ်များ ယနေ့ (အောက်တိုဘာ ၂၈ ရက်)၌ တရားဝင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ယနေ့( အောက်တိုဘာ ၂၈ ရက်) နံနက်ပိုင်း၌ တပ်မတော်က AA အကြမ်းဖက်အဖွဲ့ စီးနင်းလာသည့်စက်လှေအား ပစ်ခတ်ခဲ့ခြင်းသာဖြစ်ပြီး ICRC ထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။