Connect with us

Myanmar

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံများအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ဇောတိက(၃)လမ်းရှိ နေအိမ်တစ်အိမ်ကို သတင်းအရဝင်ရောက်ရှာဖွေရာ လူ ၇ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ နေအိမ်တစ်အိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း သိန်း ၅၀ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့တွင် ကွင်းဆက်တရားခံ ၃ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌ သိုလှောင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ် နေခြင်းဖြစ်ကြောင်း သိရသည်။

အဓိက သယ်ဆောင်ရောင်းဝယ်သူ အမျိုးသားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117