Connect with us

Politics, Law & Military

Online လျှောက်ထားနိုင်သည့် e-Visaစနစ်တွင် Tourist Visa ထပ်မံတိုးမြှင့်ခွင့်ပြု

ရန်ကုန်၊ မေ ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့်ဟန်ချက်ညီဆောင်ရွက်သွားရန် ရည်ရွယ်၍ e-Visa(Tourist)စနစ်အား တိုးမြှင့်ခွင့်ပြုမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနထံမှ သိရှိရသည်။ အဆိုပါ e-Visa(Tourist)လျှောက်ထားမှုများကို မေ ၂၀ ရက်မှစ၍ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။

ပြည်တွင်းသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်လာစဉ်(ဆင်ဟွာ)

ယင်းဗီဇာလျှောက်ထားရာတွင် လိုအပ်သည့် သတ်မှတ်ချက်များအား ဝန်ကြီးဌာန၏ Website လိပ်စာ https://evisa.moip.gov.mm တွင်ကြည့်ရှု့၍ လျှောက်ထားနိုင်ကြောင်း သိရသည်။Online e-Visa(Business)လျှောက်ထားမှုကို ဧပြီ ၁ ရက်မှစ၍ ပြန်လည်ဆောင်ရွက်ပေးလျက်ရှိသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.