ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အိမ်မွေးတိရစ္ဆာန်အပါအဝင် ကုန်စည်လိုင်းတချို့ကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းအဖြစ် မေလ ၁ ရက်နေ့မှစ၍ သတ်မှတ်လိုက်ကြောင်း၊ ယနေ့အထိ တင်သွင်းကုန်စည်၏ ၈၀ ရာခိုင်နှုန်းကျော်မှာ လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်အဖြစ်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) (၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ရက်) နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ဘုရင့်နောင်စစ်ကြောင်း၊အောင်ဇေယျစစ်ကြောင်း၊ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့သည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍...
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) မှစတင်၍ ကိုဗစ်-၁၉ ရောဂါပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များ အတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်၌ မတ် ၁၅ ရက် ညနေပိုင်းက အကျဉ်းသားအချုပ်သား (၅၀)ခန့်သည် အကျဉ်းထောင် တာဝန်ရှိသူများအား ဓားစာခံပြုလုပ်ပြီး ထွက်ပြေးလွတ်မြောက်ရန်ကြံစည်မှုဖြစ်ပွားခဲ့ရာမှ အချုပ်သား/အကျဉ်းသား (၇) ဦးသေဆုံးကာ အခြား (၁၂)ဒဏ်ရာရသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သော...
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ သန်းနှင့် ချီသော ငွေစက္ကူအတု ထွက်ရှိသည်ဆိုသော သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်များအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အပ်ငွေ နှင့် ထုတ်ငွေ တွင် အပ်ငွေကပိုမိုများလာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က...
ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လက်နက်ကိုင်ရဲတပ်ဖွဲ့များအား တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) နှင့် ပြည်သူများအပေါ် သစ္စာစောင့်သိသောကာကွယ်စောင့်ရှောက်သူများအဖြစ် အမြဲတမ်းအလုပ်အကျွေးပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းသား ၈၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ AA အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးလည်းအမှုရုပ်သိမ်းကာ ပြန်လည်လွှတ်ပေးခဲ့ပြီးဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်တစ်ဝက်လျှော့ပေးခဲ့၍ သီရိလင်္ကာနိုင်ငံသား ၇ ဦးကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။ နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့အကျဉ်းသားများထဲတွင် ထိုက်သင့်သောပြစ်ဒဏ်ကျခံထားပြီးစည်းကမ်းကောင်းမွန်စွာနေထိုင်သည့်အကျဉ်းသား ၈၁၄...
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)အား ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၌ အရေးပေါ်အခြေအနေ ကြေညာထားသော ကာလအား ၆လ သက်တမ်းတိုးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါအစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်...
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံးရှိ သံတမန်ဆောင်ဧည့်ခန်းမ၌တွေ့ဆုံပြီး မြန်မာ- ကမ္ဘောဒီးယား...