Connect with us

Myanmar

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီးဆောင်ရွက်လျက်ရှိ

၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေဖော်ပြထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ-လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီးဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဲဒီအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ဆန်းစစ်လေ့လာခြင်းနဲ့ အစီရင်ခံစာ ထုတ်ပြန်ခြင်းလုပ်ငန်းတွေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကနေပြီး စတင်ဆောင်ရွက်နေပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၂ ရက်တွင်ပြောသည်။

ပထမအဆင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် လုပ်ငန်းစဉ် အဆင့် ၈ ဆင့်ရှိသည့်အနက် အဆင့် ၅ ဆင့် ဖြစ်သော အခြေခံဒေသစာရင်းများပြုစုခြင်း၊သန်းခေါင်စာရင်းလုပ်ငန်းအသေးစိတ်စီမံချက် ရေးဆွဲခြင်း၊ သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊မေးခွန်းပုံစံနှင့် လက်စွဲစာဆောင်များပြုစုခြင်းတို့ကို လုပ်ငန်းအချိန်ဇယားရေးဆွဲ၍ ပထမဦးစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးအားဧပြီ ၂၁ ရက်တွင်ကျင်းပခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် တွင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117