ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အရိုးအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် နှင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မိုင်းဆတ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၉ ဧကခန့် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသည် ယနေ့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး မစတင်မီ လွှတ်တော် နားရက် များအတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် ကြိုတင် စီမံပြီး...
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း တရားမဝင်သစ် တန် ၄၆၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း ရန်ကင်းမြို့နယ်၊ (၃)ရပ်ကွက်၊ တိုက် အမှတ်(၂၁၇) ရှိငွေလဲကောင်တာတစ်ခု ၌ ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံခြားသား နှစ်ဦးမှ ဒေါ်လာငွေစက္ကူအတုဖြင့် လာရောက်လိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး ခွဲခြား၍ ရသည့်အခြေအနေ မရှိတော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးသည် ပြည်ပလုံခြုံရေးနှင့် ဆက်နွယ်နေသောကြောင့် အထူးအရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးပြုန်းတီးမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်မည့် စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ် ၂၉၈ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံတော် အဆင့် ဧည့်သည်တော်များ ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုရန် ၂၀၁၉ ခုနှစ်တွင် ၀ယ်ယူမည့် ကျည်ကာ မော်တော်ယာဉ်ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန်များ ကင်းလွတ်ခွင့်ပေးရေးကို ပြည်ထောင်စု လွှတ်တော် ယနေ ့ အစည်းအေ၀းက အတည်ပြုခဲ့သည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တနင်္လာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၊မြန်မာ့ပင်လယ်ပြင်အတွင်း၌ ခိုးဝင်ဘင်္ဂါလီ ၁၇၃ ဦးဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။