Connect with us

Politics, Law & Military

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းယာယီကန့်သတ်မှုကို စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ် 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အဦးသစ်အားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အား စက်တင်ဘာ ၃၀ ရက် အထိ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ သြဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် သြဂုတ် ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ၎င်း ညွှန်ကြားချက်၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်  မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)