Connect with us

Politics, Law & Military

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော်ရှိသည့်အနက် NLD ပါတီမှ အများဆုံး စာရင်း တင်သွင်းထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်ချက် (ဓာတ်ပုံ- UEC)

ရန်ကုန် ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးရှိ မဲဆန္ဒ နယ်မြေများ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆,၁၈၉ ဦး ထိရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ၁,၁၅၁ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ၁,၁၃၄ ဦး ထိ အများဆုံး စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၂၃ ဦး ရှိပြီး နိုင်ငံရေးပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၈၆၆ ဦး ရှိသည်။ နိုင်ငံရေး ပါတီများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ၁,၁၅၁ ဦး ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီမှ ၁,၁၃၄ ဦး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ၇၆၃ ဦး ၊ အမျိုးသား တိုးတက်ရေး ပါတီမှ ၃၅၄ ဦးနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF)မှ ၂၇၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် အများဆုံး စာရင်း ပေးသွင်းထားသည်။

နိုင်ငံရေး ပါတီများ အလိုက် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု၍ လက်ရှိ ဒုတိယ သမ္မတ တာဝန် ထမ်းဆောင်နေသည့် ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းပြည်နယ် ၊ လားရှိုး မဲဆန္ဒနယ်မှ လည်းကောင်း ၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် ပဲခူးတိုင်း ဇီးကုန်းမဲဆန္ဒနယ်မှ လည်းကောင်း ၊ ပြည်ထောင်စု လွှတ်တော် နာယက / ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ပဲခူးတိုင်း ဖြူးမဲဆန္ဒ နယ်မြေမှ လည်းကောင်း ၊ ပြည်ခိုင်ဖြိုး ပါတီ ပူးတွဲ ဥက္ကဌ တာဝန်ယူထားသည့် ဦးဌေးဦးသည် ဧရာဝတီတိုင်း ဟင်္သာတ မဲဆန္ဒနယ်မှ လည်းကောင်း ပြည်သူ့လွှတ်တော် နေရာများအတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူး မဲဆန္ဒနယ် အပါအဝင် ပြည်သူ့လွှတ်တော် အတွက် ၃၂၅ ဦး ၊ အမျိုးသား လွှတ်တော်အတွက် ၁၆၇ ဦးနှင့် တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော်အတွက် ၆၅၉ ဦး စုစုပေါင်း ၁,၁၅၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ပြည်သူ့လွှတ်တော် အတွက် ၂၀၈ ဦး ၊ အမျိုးသား လွှတ်တော်အတွက် ၉၈ ဦးနှင့် တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော် အတွက် ၄၅၇ ဦး စုစုပေါင်း ၇၆၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း သွင်းထားသည်။

အမျိုးသား တိုးတက်ရေး ပါတီသည် ပြည်သူ့လွှတ်တော် အတွက် ၁၃၄ ဦး ၊ အမျိုးသား လွှတ်တော် အတွက် ၆၀ ဦးနှင့် တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော် အတွက် ၁၆၀ ဦး စုစုပေါင်း ၃၅၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း သွင်းထားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) မှ ပြည်သူ့လွှတ်တော် အတွက် ၈၉ ဦး ၊ အမျိုးသား လွှတ်တော်အတွက် ၄၂ ဦးနှင့် တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော်အတွက် ၁၄၃ ဦး စုစုပေါင်း ၂၇၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း သွင်းထားသည်။

ယခုနှစ် ကျင်းပမည့် လွှတ်တော် အသီးသီးအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တစ်နိုင်ငံလုံး အန့ှံ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင် ပြုလုပ်နိုင်သည်။

ယခုကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး သမိုင်းတစ်လျှောက်တွင် ကျင်းပခဲ့သည့် ရွေးကောက် ပွဲများအနက် လွှတ်တော် ကိုယ်စား လှယ်လောင်းများ အမည်စာရင်း တင်သွင်းမှု အများဆုံး ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.