Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဥရောပသမဂ္ဂ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဥရောပ သမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia တို့ နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ- H.E. Thura U Shwe Mann Facebook)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဥရောပ သမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia အား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် နေပြည်တော်၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် သတင်း ထုတ်ပြန်သည်။

ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့ အောင်မြင်စေရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးဆိုင်ရာ ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သူရ ဦးရွှေမန်းသည် ဇေယျာသီရိ မြို့နယ်ရှိ ပြည်သူများကို ယနေ့ နေ့လည်တွင် တွေ့ဆုံခဲ့ပြီး၊ ထိုသို့ တွေ့ဆုံစဉ် သူရ ဦးရွှေမန်းမှ မိမိ ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း၊ လူကိုယ်တိုင် လာရောက် ပြသခြင်းဖြစ်ပြီး လာရောက် နှုတ်ဆက်သည့် သဘောမဟုတ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် မွေးရပ်ဇာတိ ဖြစ်သည့် ဖြူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း ၎င်း၏ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံစဉ် အသိပေး ပြောကြားခဲ့သေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.