Connect with us

Politics, Law & Military

ချင်းရွှေဟော်မြို့အဝင်အနီး၌ ကျပ်သိန်း ၂၄၀ ကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ နှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့အဝင်အနီး၌ ကျပ်သိန်း ၂၄၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့အဝင်အနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် လောက်ကိုင် မြို့မှ ချင်းရွှေဟော်မြို့ဘက်သို့ အငှားယာဉ်မောင်း လီကျိန်းဝေ(ဘ)ဦးရှောက်လောင် မောင်းနှင်ပြီး ခရီးသည် ဒေါ်ကျန်ရှီအော(ဘ) ဦးလော်ပေါင် စီးနင်းလိုက်ပါလာသည့် ကော်ရိုလာဗင် အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ သစ်ကြားသီးကွေကာအုပ်အထုပ်နှင့် ပဲနို့စက္ကူဖာအတွင်း သိုဝှက် ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားပါ အပြာရောင်အိတ် ၅၈ အိတ်၊ ၁၉၀ ပြားပါ အပြာရောင်အိတ်တစ်အိတ် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁၅၀၀ ပြား(ကာလတန်ဖိုးငွေကျပ် ၁၇၂ သိန်းကျော်)နှင့် သစ်ကြားသီးကွေကာအုပ်အိတ်ဖြင့် ထည့်သွင်းထားသော ဘိန်းဖြူ ၃၅၀ ဂရမ်ခန့်ပါ အထုပ်တစ်ထုပ် (ကာလတန်ဖိုးငွေကျပ် သိန်း ၇၀ကျော်)၊ (စုစုပေါင်းကာလတန်ဖိုးငွေကျပ်သိန်း၂၄၀ ကျော်)အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား လောက်ကိုင်မူးယစ်တပ်ဖွဲ့စုထံသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.