Politics, Law & Military
နိုင်ငံတော် ယခုထက် ပိုပြီး ကြီးပွားတိုးတက်စေရန် ပါတီ ထောင်ခြင်းဖြစ်ဟု သူရဦးရွှေမန်း ပြော
နေပြည်တော်၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံတော် ယခုထက် ပိုမို ကြီးပွား တိုးတက် ဖွံ့ဖြိုးလာစေရေးအတွက် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီကို ထူထောင်ရခြင်း ဖြစ်သည်ဟု အဆိုပါ ပါတီ ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ယနေ့ နံနက်ပိုင်း၌ ပြောကြားခဲ့သည်။
“ပါတီကို အဓိက ထူထောင်တဲ့ နေရာမှာ ခေါင်းဆောင်ပိုင်းအနေနဲ့ စေတနာရော၊ အတွေ့အကြုံရော၊ အရည်အချင်းတွေပါ ကြွယ်ဝတဲ့ လူတွေ ဖြစ်ပါတယ်၊ ပါတီဝင်တွေကတော့ ရပ်ရွာအကျိုး၊ ဒေသ အကျိုး၊ အများ အကျိုးကို ဆောင်ရွက်လိုသူများနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ ဖြစ်ပါတယ်။ ဆောင်ပုဒ် ကတော့ သိတဲ့ အတိုင်းပဲ … ‘ပိုပြီး ကောင်းအောင် ပြောင်းကြမယ် (Change for Betterment)’ ဖြစ်ပါ တယ်” ဟု ၎င်းက မီဒီယာကို ဖြေကြားခဲ့သည်။
ယနေ့နံနက်ပိုင်း နေပြည်တော် သပြေကုန်း အဝိုင်း အနီးတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကောင်း ကျိုး ဆောင် ပါတီမှ ဇမ္ဗူသီရိမြို့နယ်အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း နှစ်ဦးအတွက် မြေစိုက် ပိုစတာ ထူထောင်ခြင်းကို လရောက် ကြည့်ရှုအပြီး ပါတီ ဥက္ကဋ္ဌက မီဒီယာသို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။ (Xinhua)