Politics, Law & Military
ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၃၅၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၃၅၀ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ၁၂း၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်း၊ စက်မှုပန်းခြံအနီး၌ ခွန်ချစ်ဦး မောင်းနှင်လာသည့်မော်တော်ယာဉ်အား ရှာဖွေရာ မော်တော်ယာဉ်၏နောက်ခန်းရှိ စက္ကူပုံးများအတွင်းမှ ဘိန်းစိမ်း ၇၅ ထုပ် (ဘိန်းစိမ်း အလေးချိန် ၉၀ ကီလို)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ခွန်ချစ်ဦး(၂၂)နှစ်အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)